ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်သည်များ
စီမံကိန်းတစ်ခုကို ဖြစ်နိုင်ခြေလေ့လာသည့်အဆင့်မှစ၍ အပြီးသတ်သည်အထိဖြစ်စေ၊ သီးခြားလိုအပ်သော အဆင့်တစ်ခုအတွက်ဖြစ်စေ ကျွန်ုပ်တို့ ပံ့ပိုးပေးနိုင်ပါသည်။ လူကြီးမင်းတို့ လိုအပ်သော ဝန်ဆောင်မှုများကို ရွေးချယ်နိုင်ပါသည်။
ဗိသုကာဒီဇိုင်း
လူနေအိမ်၊ စီးပွားရေးအဆောက်အအုံနှင့် ဘက်စုံသုံးစီမံကိန်းများအတွက် ကနဦးဒီဇိုင်းပုံကြမ်းမှစ၍ ခွင့်ပြုချက်တင်ပုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပုံများအထိ ရေးဆွဲပေးပါသည်။
အတွင်းပိုင်းဒီဇိုင်း
နေရာအကျယ်အဝန်း ဖွဲ့စည်းခြင်း၊ ပစ္စည်းရွေးချယ်ခြင်း၊ ပရိဘောဂနှင့် မီးအလင်းရောင်တို့ကို ဗိသုကာလက်ရာနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ပေးပြီး အခန်းတွင်း ပြင်ဆင်တပ်ဆင်မှု ပြီးစီးသည်အထိ ဆောင်ရွက်ပေးပါသည်။
ရှုခင်းဒီဇိုင်း
မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝအပင်များနှင့် ကိုက်ညီမည့် ဥယျာဉ်၊ ခြံဝင်း၊ ကစားကွင်းနှင့် အပန်းဖြေစခန်း ရှုခင်းဒီဇိုင်းများကို ရေးဆွဲပေးပါသည်။
မြေနေရာစီမံခြင်းနှင့် မာစတာပလန် ရေးဆွဲခြင်း
အပန်းဖြေစခန်းများ၊ ကျောင်းများ၊ စီးပွားရေးစင်တာများနှင့် အဆောက်အအုံ အများအပြားပါဝင်သော စီမံကိန်းများအတွက် မြေနေရာလေ့လာဆန်းစစ်မှုမှသည် အဆင့်လိုက် အကောင်အထည်ဖော်မည့် အစီအစဉ်များအထိ ရေးဆွဲစီမံပေးပါသည်။
ဒီဇိုင်းကြီးကြပ်ခြင်းနှင့် စာချုပ်စီမံခန့်ခွဲခြင်း
အဆောက်အအုံကို ဒီဇိုင်းအတိုင်း အတိအကျထွက်ပေါ်လာစေရန် တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းခွင်ဆင်း စစ်ဆေးခြင်း၊ ကန်ထရိုက်တာများနှင့် ညှိနှိုင်းပေးခြင်းနှင့် အရည်အသွေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပါသည်။
စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်း
ဒီဇိုင်းအမှန်တကယ် မစတင်မီ မြေနေရာ၏ အလားအလာ၊ ဧရိယာ တွက်ချက်မှုများ၊ အဆောက်အအုံထုထည် ရွေးချယ်စရာများနှင့် ဘတ်ဂျက်ခန့်မှန်းခြေတို့ကို ကနဦး လေ့လာဆန်းစစ်ပေးပါသည်။
ပြည်တွင်း ပူးပေါင်းဆောင်ရွက်မှု (National Counterpart)
မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သော နိုင်ငံတကာ ဒီဇိုင်းအဖွဲ့များအတွက် ပြည်တွင်းတာဝန်ခံ ဗိသုကာအဖြစ် ဆောင်ရွက်ပေးပြီး လိုအပ်သော ပူးပေါင်းညှိနှိုင်းမှုများကို ပံ့ပိုးပေးပါသည်။
ပြုပြင်မွမ်းမံရေး ဒီဇိုင်း
မူလရှိပြီးသား အဆောက်အအုံ ဖွဲ့စည်းပုံကို အခြေခံ၍ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အခန်းဖွဲ့စည်းပုံများ ပြန်လည်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးပါသည်။
ဒီဇိုင်း အကြံပေးခြင်း
အခင်းအကျင်းများ၊ တိုးချဲ့မှုများ၊ ပစ္စည်းရွေးချယ်မှုများနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် တစ်ကြိမ်တစ်ခါ မေးမြန်းလိုသည်ဖြစ်စေ၊ ရေရှည်စီမံကိန်းများအတွက်ဖြစ်စေ လွတ်လပ်သော အကြံဉာဏ်များ ပေးအပ်ပါသည်။
BIM မော်ဒယ် ဝန်ဆောင်မှု
ပြည်တွင်းစီမံကိန်းများအတွက်သာမက ပုံဆွဲလုပ်ငန်းကို ပြင်ပဝန်ဆောင်မှုအဖြစ် အပ်နှံလိုသော နိုင်ငံတကာကုမ္ပဏီများအတွက်ပါ Revit မော်ဒယ်များနှင့် စနစ်တကျ ချိတ်ဆက်ထားသော ပုံထုတ်လုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။

ပထမဆုံး ပုံကြမ်းမှသည် အဆောက်အအုံ ပြီးစီးသည်အထိ အဖွဲ့တစ်ဖွဲ့တည်းကသာ တာဝန်ယူပါသည်
Yoma Residence ကဲ့သို့သော စီမံကိန်းများတွင် ဗိသုကာပိုင်း၊ အတွင်းပိုင်းဒီဇိုင်းနှင့် လုပ်ငန်းခွင်ကြီးကြပ်မှုတို့ကို ကျွန်ုပ်တို့ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်ခြင်းက ဒီဇိုင်းအသွင်သဏ္ဌာန်ကို တစ်သမတ်တည်းဖြစ်စေပြီး၊ လူကြီးမင်းအနေဖြင့်လည်း အစမှအဆုံး တာဝန်ယူပေးမည့် အဖွဲ့တစ်ဖွဲ့တည်းနှင့် စိတ်ချလက်ချ လက်တွဲနိုင်မည် ဖြစ်ပါသည်။
Yoma Residence ကို ကြည့်ရှုရန်ကျွန်ုပ်တို့ ဒီဇိုင်းရေးဆွဲပေးသော အဆောက်အအုံ အမျိုးအစားများ
လူနေအိမ်
မိသားစုနေအိမ်၊ ဗီလာနှင့် လူနေအဆောက်အအုံများ
စီးပွားရေးသုံး အဆောက်အအုံ
အရောင်းပြခန်း၊ ရုံးခန်းနှင့် စီးပွားရေးအဆောက်အအုံကြီးများ
ဟိုတယ်နှင့် အပန်းဖြေစခန်း
အပန်းဖြေစခန်း၊ ဘန်ဂလိုနှင့် Service Apartment များ
အများပြည်သူဆိုင်ရာ အဆောက်အအုံ
စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံများ
ရှုခင်းဒီဇိုင်း
ပန်းခြံ၊ ခြံဝင်းနှင့် ကစားကွင်းများ
အတွင်းပိုင်းဒီဇိုင်း
အတွင်းပိုင်းဒီဇိုင်းရေးဆွဲခြင်းနှင့် အလှဆင်တပ်ဆင်ခြင်း လုပ်ငန်းအပြည့်အစုံ
မာစတာပလန်
မြေနေရာစီမံကိန်းနှင့် အဆောက်အအုံနေရာချထားမှု ပုံစံများ
ပြုပြင်မွမ်းမံခြင်း
လက်ရှိအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ဆောက်လုပ်ခြင်း
စီမံကိန်းတစ်ခုခု စိတ်ကူးထားပါသလား။
လူကြီးမင်း၏ မြေနေရာ၊ လိုအပ်ချက်များ (သို့မဟုတ်) လိုအပ်သော ဒီဇိုင်းပုံများအကြောင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ပြောကြားနိုင်ပါသည်။ စုံစမ်းမေးမြန်းမှုတိုင်းကို ကျွန်ုပ်တို့ကိုယ်တိုင် အလေးထား ပြန်လည်ဖြေကြားပေးပါမည်။

